30% Discount on total bill at Suki Yaki Thai Hot Pot, Yangon

30% Discount on total bill at Suki Yaki Thai Hot Pot, Yangon Details

ဆူကီ ဟော့ပေါ့ ပွဲကြီးအပြင် အရံဟင်း (6) မျိုးနဲ့  ပုံမှန်ဈေး 39,000 Ks (4 Pax) ကို 30% Off နဲ့ဆိုရင် တစ်ယောက်ကို 6800 Ks လောက်နဲ့ အဝဆွဲရမှာပါ…

မင်မင်တို့လို အစားကြမ်းတဲ့ အဖွဲ့တောင် ဗိုက်တွေတင်းပြီး မစားနိုင်တောင်ဖြစ်သွားတာပါနော်….

လမ်းမတော် Junction မော်တင်နားမှာရှိတဲ့ ဆိုင်နာမည်ကတော့ Suki Yaki Thai Hotpot တဲ့… ဒီဆိုင်လေးကကျတော့ ဖွင့်တာသိပ်တော့မကြာသေးပါဘူး… ပုံမှန် Buffet တွေကိုအမြဲစားရတာ ငြီးငွေ့လို့ အသစ်အဆန်း လေးဖြစ်အောင်ဆိုပြီး ဒီဆိုင်လေးက ဆူကီ ဟော့ပေါ့ကိုသွားစား စမ်းကြတာ…

အရသာကတော့ရှယ်ကောင်း…စားခဲ့တဲ့ (1) Set မှာပါဝင်တဲ့ Menu တွေကတော့ အသားစုံ ဆူကီအပြင် ဖက်ထုတ်ကြော်၊ ပုဇွန်ဆားကြက်သွန်ဖြူ၊ ပြည်ကြီးငါကြော်သုပ်၊ ခေါ်က်ဆွဲကြော်၊ ကြက်တောင်ပံကြော် ၊ ကြက်ဥအသားမွှေကြော်… စားပွဲဝိုင်းတောင်ပြည့်လို့ 

အစားသောက်တွေကတော့ တော်တော်ကောင်းတယ် … ဖက်ထုတ်ကြော်ဆိုလည်း ကြွပ်ရွနေတာပဲ၊ ပုဇွန်ကြက်သွန်ဖြူကတော့ စားလို့အကောင်းဆုံး ပုဇွန်တုပ် တွေကတော်တော်လေးကိုကြီးပြီး ချိုဆိမ့်နေတာပဲ၊ 

ခြုံပြောရရင် 1 Set တည်းနဲ့ အရသာအစုံအလင် အစားသောက်တွေက တကယ်ကိုကောင်းပါတယ်… တွဲဖက်စားသုံးဖို့အတွက် ဆိုရင်တော့ အချဉ် ရယ် ဆော့ ရယ် (3) မျိုးပေးထားတယ်…အဲဒီထဲမှာ အစိမ်းရောင်အချဉ်က အသက်နော်… ဘာနဲ့စားစားအကုန်လိုက်ဖက်မူရှိတယ်…

ဆူကီကို ကိုယ့်ကြိုက်နှစ်သက်တဲ့ အသား၊ ပင်လယ်စာနဲ့ရွေးချယ်လို့ရတယ်…. ဒါအပြင် တခြားထိုင်းနဲ့ တရုတ်ဟင်းလျာတွေလည်းအကုန်ရနိုင်တယ်… စားပြီးသောက်ပြီးလို့ Fresh ဖြစ်စေမဲ့ လီမွန်တီးနဲ့ Soda Juice လေးတွေကလည်းမိုက်…

30% Discount နဲ့သွားရောက်သုံးဆောင်ချင်တယ်ဆိုရင်တော့ B&F Club Card ကို Bill မရှင်းမီပြသပြီးတော့ ရယူနိုင်ပါတယ်…

အသေးစိတ်ကိုတော့ ဖုန်းနာပါတ် 099 69910115, 099 69910128 ကိုရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်….

Terms & Conditions

 0